Thursday 3 March 2011

ဝက်ခြံ ပျောက်အောင်


ဝက်ခြံဆိုတာက Teen Age နဲ့အဆီပျံတဲ့အသားအရေမျိုးမှာပေါက်တတ်ပါတာ များပါတယ်။။ ၀က်ခြံပေါက်တာက ကိုယ်တွင်းဓါတ်ရယ်၊ ဓမ္မတာမှန်မမှန်ရယ်၊ ၀မ်းမမှန်တာတွေရယ် စတဲ့အချက်တွေပေါ်မှာ မူတည်ပါတယ်။ ဒါ့ကြောင့် ရေများများသောက်၊ အသီးအရွက်စားပြီး ကိုယ်တွင်းဓါတ်တွေကို မှန်ကန်မျှတအောင် ကျင့်ကြံနေထိုင်ပါ။။ မျက်နှာအဆီမပြန်အောင်လည်း ဂရုစိုက်နေပါ။ ၀က်ခြံပျောက်တဲ့ဆေးကို သီးသန့်သုံးရမှာကြောက်ရင် ၀က်ခြံသမားတွေအတွက် Skin care ဆိုတာရှိပါတယ်။။ Kanebo ထဲက Fie Skin Care Series ထဲက ၀က်ခြံလည်းပျောက် Skin care ပါလုပ်ပြီးတဲ့ ပစ္စည်းတွေကို စုံစမ်းဝယ်ယူသင့်ပါတယ်။

မျက်နှာပေါင်းတင်ခြင်းရဲ့အကျိုးကတော့ အသားအရေ စင်ကြယ်စေပြီး ချွေးပေါက်များကို ကျဉ်းစေပါတယ်။ သွေးလည်ပတ်မှုကောင်းပြီး Dead Cells တွေကို ဖယ်ရှားပေးလို့ချောမွေ့စေပါတယ်။ Cells များကို ရှင်သန်စေပြီး အသားအရေနဲ့ ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။ အိမ်မှာ မိမိဖာသာပေါင်းတင်ရင်တော့ တစ်ခါသုံး Mask တွေက အလှကုန်ဆိုင်တိုင်းမှာရှိပါတယ်။ တစ်ခါသုံးကို မသုံးချင်ရင်လည်း လိမ်းပြီး ပြန်ဖယ်ရတဲ့ Mask မျိုးကိုလည်း သုံးလို့ရပါတယ်။။ တစ်ပတ်မှာ တစ်ကြိမ် နှစ်ကြိမ်သုံးနိုင်ပါတယ်။ အဓိကက ကိုယ်ကဖြူချင်သလား၊ အသားအရေ တင်းရင်းစေချင်သလား၊ စတဲ့အဓိက လိုအပ်ချက်ကို ဖြည့်ပေးပြီး မိမိ Skin care အမျိုးအစားပေါ်မူတည်ပြီး ဆေးကို သုံးသင့်ပါတယ်။ (ဥပမာ ခြောက်သွေ့တဲ့အသားအရေဆိုရင် Cream Type, Moisturizer Type တွေ သုံးရပြီး အဆီပျံတဲ့အသားအရေဆိုရင် Gel Type, Light Type တွေသုံးရမှာပါ။။

မျက်နှာအသားအရေခြောက်တယ်ဆိုရင် သနပ်ခါးမလူးပါနဲ့။ မိတ်ကပ်လိမ်းလေ့ရှိတယ်ဆိုရင်လည်း မိတ်ကပ်မလိမ်းခင် Skin Care အရင်လုပ်သင့်ပါတယ်။ Lotion နဲ့ Milk လေးကို ပုံမှန်လိမ်းပေးရင် ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။။ Dry Skin ပေါ် မိတ်ကပ်ကို ပွတ်ဆွဲလိမ်းပါများရင် အရွယ်မတိုင်ခင် အသားအရေတွေတွန့်လာတာဖြစ်လာနိုင်ပါတယ်။။ Make Up Remover သုံးချင်ရင်တော့ Cream Type Cleansing ကိုသုံးပြီး အသာဖျက်ပါ။ Cleaning လုပ်ပြီး Tissue နဲ့သုတ်ပြီးမှ မျက်နှာသစ်ဆပ်ပြာတစ်မျိုးမျိုးနဲ့ ပြန်သစ်ပါ။ မိတ်ကပ်မလူးခင် Skin Care (သို့မဟုတ်) Make Up Base ကိုလိမ်းပြီးမှ Foundation လိမ်းပြီးမှ Foundation လိမ်းမယ်ဆိုရင် Cream Type Foundation ဒါမှမဟုတ် အဆီနည်းနည်းပါတဲ့ အမျိုးအစားကို သုံးရပါ့မယ်။

အသားအရေ ခြောက်သွေ့ရခြင်းအကြောင်းထဲမှာ နေရောင်ခြည်အောက်ကြာရှည်စွာနေခြင်း၊ Air Corn ထဲနေခြင်းတွေပါဝင်ပါတယ်။ Air Con ထဲအနေများသူတွေဟာ အသားအရေရဲ့ ရေဓတ် (Moisture) ကို ခန်းခြောက်လွယ် ပါတယ်။ အဲဒါကြောင့် Air Con ထဲနေရင် ရေကိုများများသောက်ပေးရပါ့မယ် ။။ ခန္ဓာကိုယ်ကို Body Lotion တွေလိမ်းပေးသင့်ပါတယ်။ အသားရေ စိုပြေပြီး စေးကပ်ခြင်းမရှိစေတဲ့ Body Lotion တွေရှိပါတယ်။

0 comments:

Post a Comment